9
ထို့နောက် ယေရှု/က “သင်တို့/အား ငါ/အမှန်/ဆို၏။ ဘုရားသခင်/၏/နိုင်ငံတော်/သည် တန်ခိုးတော်/နှင့်တကွ ပေါ်ထွန်းလာသည်/ကို ဤ/နေရာ/၌ ရပ်နေသော/သူတို့/ထဲမှ တချို့/သည် မမြင်ဘဲ သေရမည်/မဟုတ်” ဟု မိန့်တော်မူ၏။
အဆင်းသဏ္ဌာန်တော်/ပြောင်းလဲခြင်း
2 ခြောက်ရက် ကြာ/သော် ယေရှု/သည် ပေတရု၊ ယာကုပ်/နှင့် ယောဟန်/တို့/ကို မြင့်သော/တောင်/သို့ သီးခြား/ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့/ရှေ့တွင် ယေရှု/၏ အဆင်းသဏ္ဌာန်တော်/ပြောင်းလဲလေ၏။ 3 အဝတ်တော်တို့/သည် ကမ္ဘာလောက/ရှိ မည်သည့်/ခဝါသည်/မျှ ထိုသို့ ဖြူ/စေရန် မလျှော်ဖွပ်/နိုင်လောက်အောင်/ပင် အလွန်/ဖြူဖွေး/တောက်ပြောင်/လာ၏။ 4 ထို့နောက် ဧလိယ/နှင့် မောရှေ/တို့/သည် ပေါ်လာ/၍ ယေရှု/နှင့် စကားပြောနေကြ၏။
5 ထိုအခါ ပေတရု/က “ဆရာတော်a… ဤ/နေရာ/တွင် အကျွန်ုပ်တို့/ရှိနေသည်/မှာ ကောင်း၏။ သခင့်/အတွက် တဲ/တစ်ဆောင်၊ မောရှေ/အတွက် တဲ/တစ်ဆောင်၊ ဧလိယ/အတွက် တဲ/တစ်ဆောင်၊ တဲ/သုံးဆောင်/ကို ဆောက်လုပ်ပါရစေ” ဟု လျှောက်လေ၏။ 6 တပည့်တော်တို့/သည် အလွန်/ကြောက်လန့်ကြ/သောကြောင့် ပေတရု/သည်လည်း မည်သို့/လျှောက်ရမည်/ကို မသိဘဲ ထိုသို့/လျှောက်ဆိုမိခြင်း/ဖြစ်၏။
7 ထိုစဉ် မိုးတိမ်/သည် သူတို့/အပေါ်သို့ လွှမ်းမိုး/၍ မိုးတိမ်/ထဲက “ဤ/သူ/သည် ငါ/နှစ်သက်မြတ်နိုးသည့် ငါ/၏ ချစ်သား/ဖြစ်၏။ သူ/၏/စကား/ကို နားထောင်ကြလော့” ဟူသော အသံတော်/ထွက်ပေါ်လာ၏။ 8 ရုတ်တရက် တပည့်တော်တို့/သည် ဘေးပတ်လည်/သို့ ကြည့်/သော် သူတို့/နှင့်အတူ ယေရှု/မှလွဲ၍ မည်သူ့/ကိုမျှ မမြင်ကြတော့ပေ။
9 တောင်ပေါ်/မှ ဆင်းလာကြ/စဉ် ယေရှု/က “လူသားb/သည် သေခြင်း/မှ မထမြောက်/မီ/အထိ ယခု သင်တို့/မြင်တွေ့ခဲ့ရသော အရာ/ကို မည်သူ့/ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။ 10 ထို့ကြောင့် တပည့်တော်တို့/သည် ထို/အကြောင်း/ကို မည်သူ့/ကိုမျှ မပြောကြပေ။ သို့သော် သေခြင်း/မှ ထမြောက်ခြင်း/သည် မည်သည့်/အရာ/ကို ဆိုလိုသနည်း/ဟုသာ အချင်းချင်း ဆွေးနွေး/မေးမြန်းကြ၏။
11 ထို့နောက် တပည့်တော်တို့/က ယေရှု/အား “ဧလိယ/သည် ခရစ်တော်c/ထက် စော/၍ ကြွလာမည်d/ဟူ၍ ကျမ်းတတ်ဆရာများ/က အဘယ်ကြောင့်/ပြောဆိုကြသနည်း” ဟု မေးလျှောက်ကြ၏။
12 ယေရှု/က “ဧလိယ/သည် အရာအားလုံး/ကို ပြန်လည်/တည်ထောင်/ရန် စော/၍ လာမည်/မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ/၌ လူသား/သည် ဒုက္ခ/များစွာ/နှင့် ကဲ့ရဲ့/ပစ်ပယ်ခံရမည်/ဟု အဘယ်ကြောင့်/ရေးထားသနည်း။ 13 သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဧလိယ/သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့/သည် ကျမ်းစာ/၌ ဖော်ပြသည့်/အတိုင်း သူ့/အပေါ် ပြုလို/သမျှ/ပြုကြသည်” ဟု မိန့်တော်မူ၏။
နတ်ဆိုးပူးသော သူငယ်/တစ်ဦး/ကို ကျန်းမာစေတော်မူခြင်း
14 ယေရှု/နှင့် တပည့်တော်/သုံးပါး/တို့/သည် ကျန်/တပည့်တော်များ/ရှိရာသို့ ပြန်လာကြ/သောအခါ တပည့်တော်တို့/ကို ဝန်းရံ/လျက်ရှိသော လူအုပ်ကြီး/ကိုလည်းကောင်း၊ တပည့်တော်တို့/နှင့် ဆွေးနွေး/ပြောဆိုနေကြသော/ကျမ်းတတ်ဆရာ/တချို့/တို့ကို/လည်းကောင်း တွေ့မြင်ကြ၏။ 15 လူအပေါင်းတို့/သည် ကိုယ်တော်/ကို တွေ့မြင်ကြ/သောအခါ အံ့အားသင့်/လျက် ချက်ချင်း/ပြေး/၍ နှုတ်ဆက်ကြ၏။
16 ကိုယ်တော်/က “မည်သည့်/အကြောင်းအရာ/ကို ဆွေးနွေး/ပြောဆိုနေကြသနည်း” ဟု မေးတော်မူ၏။
17 လူထု/ပရိသတ်/ထဲမှ တစ်ဦး/က “ဆရာတော်… အကျွန်ုပ်/၏/သား/ကို ဆရာတော်/ထံ ခေါ်ဆောင်လာပါ၏။ သူ/သည် ဆွံ့အသော/နတ် ပူးဝင်ခြင်း/ခံနေရ၏။ 18 ပူးဝင်သည့်/အခါတိုင်း နတ်/သည် သူ့/အား မြေ/ပေါ်သို့ အရှိန်/ဖြင့်/လှဲချတတ်ပါ၏။ ပါးစပ်/မှ အမြှုပ်များ/ထွက်/လျက် အံ/ကိုလည်း/ကြိတ်/၍ တောင့်မာ/လာတတ်ပါ၏။e အကျွန်ုပ်/သည် ဆရာတော်/၏ တပည့်တော်တို့/အား ထို/နတ်ဆိုး/ကို နှင်ထုတ်ပေးပါ/ရန် တောင်းပန်/သော်လည်း သူတို့/သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
19 ယေရှု/က တပည့်တော်တို့/အား “အို ယုံကြည်ခြင်း/မရှိသော/အမျိုး… ငါ/သည် သင်တို့/နှင့် မည်မျှ/ကြာကြာ အတူ/နေရမည်နည်း။ ငါ/သည် သင်တို့/ကို မည်မျှ/ကြာကြာ သည်းခံရမည်နည်း။ သူငယ်/ကို ငါ့/ထံသို့/ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
20 ထိုအခါ သူတို့/သည် သူငယ်/ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုး/သည် ယေရှု/ကို မြင်သည်/နှင့်/တစ်ပြိုင်နက် သူငယ်/ကို ပြင်းထန်/စွာ တက်စေ/သဖြင့် သူသည် မြေပေါ်/တွင် လှဲ/လျက် ပါးစပ်/မှလည်း/အမြှုပ်များ/ထွက်/ကာ လူးလိမ့်နေလေ၏။
21 ယေရှု/က သူငယ်/၏ ဖခင်/အား “ဤသို့/ဖြစ်သည်/မှာ မည်မျှ/ကြာပြီနည်း” ဟု မေးတော်မူ/သော် ဖခင်/က “ငယ်ရွယ်/စဉ်/ကတည်းကပင် ဖြစ်ပါ၏။ 22 ထို/နတ်/သည် သူငယ်/ကို သေ/စေရန် မီး/ထဲသို့/ဖြစ်စေ၊ ရေ/ထဲသို့/ဖြစ်စေ မကြာခဏ/ပစ်ချတတ်ပါ၏။ ဆရာတော်/သည် တစ်စုံတစ်ခု/တတ်နိုင်/လျှင် အကျွန်ုပ်တို့/ကို သနား/၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။
23 ယေရှု/က “ ‘ငါ/တတ်နိုင်/လျှင်’ ဟု အဘယ်ကြောင့်/ဆိုသနည်း။ ယုံကြည်သောသူ/ဖြစ်/လျှင် အရာခပ်သိမ်း/သည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
24 သူငယ်/၏/ဖခင်/ကလည်း ချက်ချင်း/အော်ဟစ်/၍ “အကျွန်ုပ်/ယုံကြည်ပါ၏။ သံသယ/မဝင်/ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။
25 ယေရှု/က လူထု/ပရိသတ်တို့/သည် စုဝေး/လျက် ပြေးလာကြသည်/ကို မြင်/လျှင် “သူငယ်/ကို ဆွံ့အ/နားမကြားစေသော/နတ်… သူငယ်/ထံမှ/ထွက်လော့။ မည်သည့်အခါမျှ ပြန်/မဝင်နှင့်၊ ငါ/အမိန့်ပေး၏” ဟု နတ်ဆိုး/ကို ဆုံးမတော်မူ၏။
26 ထိုအခါ နတ်ဆိုး/သည် ကျယ်လောင်/စွာ အော်ဟစ်/၍ သူငယ်/ကို ပြင်း/စွာ တက်စေ/ပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်/သည် သေ/သကဲ့သို့/ဖြစ်သွား၏။ ထို့ကြောင့် လူတို့/က “သူငယ်/သေပြီ” ဟု ပြောဆိုကြ၏။ 27 သို့ရာတွင် ယေရှု/က သူငယ်/ကို လက်/ဖြင့်/ဆွဲထူ/ရာ သူ/သည် ထလေ၏။
28 ထို့နောက် ယေရှု/သည် အိမ်/ထဲသို့ ဝင်တော်မူ/လျှင် တပည့်တော်တို့/က “အကျွန်ုပ်တို့/သည် နတ်ဆိုး/ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
29 ယေရှု/က “ဤ/နတ်ဆိုးမျိုး/သည် ဆုတောင်းခြင်းf/အားဖြင့်/သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်/အကြောင်း/ကို ထပ်မံ၍ ကြိုတင်/ဟောတော်မူခြင်း
30 ယေရှု/နှင့် တပည့်တော်တို့/သည် ထို/အရပ်/မှ ထွက်ခွာ/၍ ဂါလိလဲပြည်/ကို ဖြတ်သွားကြ၏။ ထိုသို့ ဖြတ်ကြွကြောင်း ကိုယ်တော်/သည် မည်သူ့/ကိုမျှ သိစေလိုတော်မမူ။ 31 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် တပည့်တော်တို့/ကို သွန်သင်တော်မူ/လျက် ရှိသောကြောင့်/ဖြစ်၏။ ကိုယ်တော်/က “လူသား/သည် လူတို့/လက်/သို့ အပ်နှံခံရ/လိမ့်မည်။ သူတို့/သည် လူသား/ကို သတ်ကြ/လိမ့်မည်။ သို့သော် သုံးရက်မြောက်သော/နေ့/တွင် သူ/သည် သေခြင်း/မှ ထမြောက်/လိမ့်မည်” ဟု မိန့်တော်မူ၏။ 32 တပည့်တော်တို့/သည် ကိုယ်တော်/မိန့်တော်မူသော/စကား/ကို နားမလည်/သော်လည်း ထို/အဓိပ္ပာယ်/ကို မမေးလျှောက်ဝံ့ကြ။
ကောင်းကင်/နိုင်ငံတော်/၌ အကြီးမြတ်ဆုံးသူ
33 ထို့နောက် သူတို့/သည် ကပေရနောင်မြို့/သို့ ရောက်/၍ အိမ်တွင် ရှိကြ/သောအခါ ယေရှု/က တပည့်တော်တို့/အား “သင်တို့/သည် လမ်း/တွင် မည်သည့်/အကြောင်းအရာ/ကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ 34 သို့သော် တပည့်တော်တို့/သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့/က မိမိတို့/အနက် မည်သူ/သည် အကြီးမြတ်ဆုံး/ဖြစ်သနည်း/ဟု လမ်း/တွင် ငြင်းခုံ/ဆွေးနွေးနေခဲ့/သောကြောင့်/ဖြစ်၏။ 35 ယေရှု/သည် ထိုင်/လျက် တပည့်တော်/ဆယ့်နှစ်ပါးတို့/ကို ခေါ်တော်မူ/၍ “အကြီးမြတ်ဆုံး/ဖြစ်လိုသောသူ/သည် အသေးနုပ်ဆုံး/ဖြစ်/၍ လူအပေါင်းတို့/၏ အစေခံ/ဖြစ်ရမည်” ဟု မိန့်တော်မူ၏။
36 ထို့နောက် ယေရှု/သည် ကလေးငယ်/တစ်ဦး/ကို ခေါ်/၍ သူတို့ အလယ်/တွင်/ထားတော်မူ၏။ ထို/ကလေးငယ်/ကို လက်တော်/ဖြင့်/ပွေ့ချီ/လျက် 37 “ငါ့/မျက်နှာg/ကို/ထောက်/၍ ဤကဲ့သို့သော/ကလေးငယ်/ကို လက်ခံသော/သူ/သည် ငါ့/ကို/လက်ခံ၏။ ငါ့/ကို လက်ခံသော/သူ/သည် ငါ့/ကို/သာမက ငါ့/ကို စေလွှတ်တော်မူသော ခမည်းတော်/ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
ယေရှု/နာမတော်/ကို အမှီပြုခြင်း
38 ယောဟန်/က “ဆရာတော်… လူ/တစ်ဦး/သည် သခင်/၏/အမည်/နာမ/ကို အမှီပြု/၍ နတ်ဆိုးတို့/ကို နှင်ထုတ်နေသည်/ကို အကျွန်ုပ်တို့/မြင်တွေ့ခဲ့ပါ၏။ သူ/သည် အကျွန်ုပ်တို့/၏ အဖွဲ့ဝင် မဟုတ်/သောကြောင့် အကျွန်ုပ်တို့/သည် သူ့/ကို/တားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
39 ယေရှု/က “ထို/သူ/ကို မတားကြနှင့်။ ငါ့/နာမ/ကို အမှီပြု/လျက် အံ့ဖွယ်တန်ခိုး/ကို ပြ/ပြီးနောက် မကြာမီ/အတွင်း ငါ့/ကို ပုတ်ခတ်/ပြောဆိုမည့်သူ တစ်ယောက်/မျှ/မရှိ။ 40 ငါတို့/ကို မဆန့်ကျင်သော/သူ/သည် ငါတို့/ဘက်/၌ ရှိ၏။ 41 သင်တို့/သည် ခရစ်တော်/၏/တပည့်/ဖြစ်သည်/ကို ထောက်/၍ သင်တို့/အား ရေ/တစ်ခွက်/ကို တိုက်သော/သူ/သည် အကျိုးကျေးဇူး/ကို မခံစားဘဲ/မနေရ/ဟု ငါ/အမှန်/ဆို၏။
42 သို့သော် ငါ့/ကို/ယုံကြည်သော ကလေးငယ်/တစ်စုံတစ်ယောက်/ကို မှားယွင်းစေသောသူ/သည် ကြီးသော/ကြိတ်ဆုံကျောက်/ကို လည်/၌ ဆွဲ/လျက် နက်သော/ပင်လယ်/ထဲသို့ ပစ်ချခံရ/လျှင် ပို၍/ကောင်း၏။ 43 သင်/၏ လက်/သည် သင့်/ကို အပြစ်/ကျူးလွန်စေ/ပါက ဖြတ်ပစ်လော့။ လက်/အစုံ/နှင့် ထာဝရ/ငရဲမီး/ထဲသို့ ချခံရခြင်း/ထက် လက်တစ်ဖက်/နှင့် ထာဝရ/အသက်ရှင်ခွင့်/ရခြင်း/သည် ပို၍/ကောင်း၏။ 44 ငရဲ/တွင် လောက်ကောင်/သည်/မသေ။ မီး/သည်လည်း မငြိမ်းနိုင်။h 45 သင်/၏ ခြေ/သည် သင့်/ကို အပြစ်/ကျူးလွန်စေ/ပါက ဖြတ်ပစ်လော့။ ခြေ/အစုံ/နှင့် ထာဝရ/ငရဲ/ထဲသို့ ချခံရခြင်း/ထက် ခြေတစ်ဖက်/နှင့် ထာဝရ/အသက်ရှင်ခွင့်/ရခြင်း/သည် ပို၍/ကောင်း၏။ 46 ငရဲ/တွင် လောက်ကောင်/သည်/မသေ။ မီး/သည်လည်း မငြိမ်းနိုင်။i 47 သင်/၏ မျက်စိ/သည် သင့်/ကို အပြစ်/ကျူးလွန်စေ/ပါက ထို/မျက်စိ/ကို ထုတ်ပစ်လော့။ မျက်စိ/အစုံ/နှင့် ငရဲ/ထဲသို့ ချခံရခြင်း/ထက် မျက်စိ/တစ်ဖက်/နှင့် ဘုရားသခင်/၏ နိုင်ငံတော်/သို့ ဝင်ရခြင်း/သည် ပို၍ ကောင်း၏။ 48 ငရဲ/တွင် လောက်ကောင်/သည်/မသေ။ မီး/သည်လည်း မငြိမ်းနိုင်။j
49 လူအပေါင်း/တို့/သည် ဆားခတ်/၍ မီး/ဖြင့် စစ်ဆေးခြင်း/ကို ခံရ/လိမ့်မည်။ 50 ဆား/သည် အရသာ/ကောင်း၏။ သို့သော် အငန်ဓာတ်/ပျောက်ဆုံး/လျှင် ငန်သော/အရသာ/ကို မည်သို့/ပြန်ရနိုင်မည်နည်း။ သင်တို့/အထဲ/၌ ဆား/ကဲ့သို့သော/အရည်အသွေး/ရှိစေကြလော့။ အချင်းချင်း သင့်မြတ်/စွာ/နေကြလော့” ဟု မိန့်တော်မူ၏။